ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်သို့ ကြွရောက်တော်မူလာကြသည့် ကျောင်းတိုက်အသီးသီးမှ စာဖြေ၊ စာပြန်သံဃာတော် အရှင်သူမြတ် များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်း
၃၈)ကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်ကို ပုသိမ်မြို့၊ မြောင်းမြကျောင်းတိုက်တွင် ယခုလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပလျက်ရှိရာ စာဖြေ၊ စာပြန်ပွဲတော်သို့ ကြွရောက်တော်မူလာကြသည့် ကျောင်းတိုက်အသီးသီးမှ သံဃာတော် အရှင်သူမြတ်များသည် စာဖြေ၊ စာပြန်ပွဲတော် ပြုလုပ်နေစဉ်အတွင်း ပုသိမ်မြို့တွင်းရှိ ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းက ဆွမ်းဆန်စိမ်းအလှူ ခံယူတော်မူကြရာ စေတနာရှင် အလှူရှင်များက ကြည်ညိုသဒ္ဒါတရားထက်သန်စွာဖြင့် ဆွမ်းဆန်တော်များ၊ လှူဖွယ်ပစ္စည်းများလောင်းလှူခြင်းနှင့် ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
Read More...
26-Jan-2025