ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ရုံးချုပ်အဆောက်အဦ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားအားတက်ရောက်
(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (ARCCI) ရုံးချုပ်အဆောက်အဦ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြေ့လမ်းနှင့် ဘောဂမဏ္ဍိုင်လမ်းထောင့်၊ မြကျွန်းသာအိမ်ရာ ဝန်းအတွင်း၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ပန္နက်တော်တင်ခဲ့ကြသည်။
Read More...
06-Feb-2025