တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ နေကြာစိုက်ခင်းများအား ကြည့်ရှုအားပေး၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ဝါဆိုမဟာစည်သာသနာ့ရိပ်သာ ကျောင်းတိုက်သို့သွားရောက်၍ ဆွမ်းအလှူတော်ဆက်ကပ်ခြင်း အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ ရွှေလှေကွင်းကျေးရွာရှိ တောင်သူများ၏နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာ အုပ်စု၊ ရွှေလှေကွင်းကျေးရွာရှိ တောင်သူဦးသက်ပိုင်ဝင်း၏ စိုက်ဧက(၅) ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းအားလည်းကောင်း၊ တောင်သူဦးဌေးဉီး၏ စိုက်ဧက(၅)ဧကတွင် စိုက်ပျိုးထားသည့် ဆင်းရွှေကြာ(၂)နေကြာစိုက်ခင်းအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ ရေ၊ မြေဩဇာ အချိန်ကိုက် ထည့်သွင်းအသုံးပြုနိုင်ရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကြရန် မှာကြားခဲ့သည်။
Read More...
17-Feb-2025