ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ပုသိမ်မြို့၊ ကမ်းနားလမ်း၌ ကျင်းပပြုလုပ်သည့် နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် Emergency Operation Center အဆောက်အဦဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် (၄.၁.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းအဆင့်ဌာနဆိုင်ရာများအတူ ပုသိမ်မြို့၊ ကမ်းနားလမ်း၌ ကျင်းပပြုလုပ်သည့် နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးအတွင်း သဘာ၀ဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ပါက အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် Emergency Operation Center အဆောက်အဦဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
Read More...
05-Jan-2018