ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အတူ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ရန်ပုံငွေ ကျပ် (၉၉၉)သန်းဖြင့် သဲကုန်း-ညောင်အိုင် ပန်းတာ (၇၅၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် အိုးဖို-သဲကုန်းကျေးရွာ ဆည်မြောင်းတာတမံအနီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု
၂၀၁၉ ခုနှစ်၊ မေလ (၄)ရက်နေ့၊ (၁၁၀၀)နာရီအချိန်
တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု/တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိ ဌာနဆိုင်ရာများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ကျုံတနော်တောင်ကျေးရွာအုပ်စု၊ ညောင်အိုင်ကျေးရွာနဘေးရှိ ဧရာဝတီ - ဟင်္သာတတာ တာမိုင် (၂၂ / ၄) - (၂၄ / ဝ)အတွင်း ဧရာဝတီမြစ်ကမ်းပါးအား
Read More...
22-May-2019