ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်သည့် အခမ်းအနားသို့တက်ရောက်
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ကွက်အေးချမ်းသာယာရေးကိစ္စရပ်များ အသိပညာတိုးပွားလာပြီး ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ကာ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်အတွက် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းအား (၂၄.၆.၂၀၁၉)ရက်နေ့တွင် ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ တက်ရောက်ခဲ့ပါသည်။
Read More...
25-Jun-2019