ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်တောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၈.၇.၂၀၁၉)ရက်နေ့ နေ့လည် (၁၃၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်တောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင် (၅)ဦး၊ မျိုးစေ့ထုတ်တောင်သူ (၅၉)ဦး၊ မွေးမြူရေးလုပ်ငန်းရှင် (၈)ဦးတက်ရောက်ဆွေးနွေးကြပါသည်။
Read More...
09-Jul-2019