ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးနှင့်ပြည်နယ် အခြေခံကျောင်းပေါင်းစုံ ကျောင်းသူဘောလုံးပြိုင်ပွဲတွင် ပထမဒိုင်းဆုကြီးကို ဆွတ်ခူးရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး ကျောင်းသူဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်
နိုင်ငံတော်အတွင်း ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်မြင့်မားသော လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် အခြေခံကျောင်းသားအရွယ်မှစတင်ကာ အားကစားလှုပ်ရှားမှုများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားအဖွဲ့ချုပ်များ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့မှ သြဂုတ်လ (၂)ရက်နေ့အထိ ရန်ကုန်မြို့၊ သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပပြုလုပ်ခဲ့သော အသက် (၁၃)နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အခြေခံကျောင်းပေါင်းစုံ ကျောင်းသူဘောလုံးပြိုင်ပွဲတွင် ပထမဒိုင်းဆုကြီးကို ဆွတ်ခူးရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး ကျောင်းသူဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ (၁၆.၈.၂၀၁၉)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ကျင်းပရာ
Read More...
16-Aug-2019