ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ငွေကြေးထောက်ပံ့ပေးမည့် အစီအစဉ်နှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတက်ရောက်
ကမ္ဘာ့ဘဏ်၏ အတိုးနှုန်း သက်သာသော ချေးငွေ (IDA Fund)နှင့် နိုင်ငံတော် ရန်ပုံငွေ ပူးပေါင်းပြီး Co - Financing အနေဖြင့် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်မည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းနေထိုင်ကြသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ငွေကြေးထောက်ပံ့ပေးမည့် အစီအစဉ် (Maternal and Child Cash Transfer Program - MCCTP) အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ပုသိမ်မြို့ ၊ မြို့တော်ခန်းမ၌ (၁၄.၉.၂၀၁၉)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့
Read More...
16-Sep-2019