ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဒေးဒရဲမြို့နယ်၊တညင်ကုန်းကျေးရွာ၊ ပေါ်တော်မူဘုရားတန်ဆောင်း၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူလူထုများ တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြည်သူများ၏ အသံ၊ ပြည်သူများ၏ တင်ပြချက်များနှင့် ပြည်သူများ၏ လိုအပ်ချက်များကို ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိကာ ပြည်သူများနှင့်ထိတွေ့ပြီး ပြည်သူများ၏လိုအပ်ချက်များအား လျှင်မြန်ထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် အောက်ခြေအထိဆင်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ (၁၅.၉.၂၀၁၉)ရက်နေ့၊ (၁၃၀၀) နာရီအချိန်တွင် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊တညင်ကုန်းကျေးရွာ၊ ပေါ်တော်မူဘုရားတန်ဆောင်းတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူလူထုများ တွေ့ဆုံပွဲ အခမ်း အနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်အရပ်ရပ်မှလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။
Read More...
17-Dec-2019