ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားတက်ရောက်
တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ထုတ်ပြသခဲ့သော ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ပြည်မနှင့်အတူ တောင်တန်းဒေသများပါ တစ်ပြိုင်နက် လွတ်လပ်ရေးရရှိစေရန်အတွက် တညီတညွတ်တည်း လွတ်လပ်ရေးတောင်းဆိုရန် ကတိပြု လက်မှတ်ရေးထိုးကာ သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုသည့် ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ပုသိမ်မြို့ ၊ ပြည်ထောင်စုကွင်း၌ ဖေဖော်ဝါရီလ (၁၂)ရက်နေ့၊ နံနက် (၀၇၀၀)နာရီအချိန်၌ ကျင်းပရာ ရှေးဦးစွာ ဂုဏ်ပြုတပ်ခွဲမှ တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုကြပါသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသူများမှ နိုင်ငံတော်အလံအား အလေးပြုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုနေ့ သဝဏ်လွှာအား ဖတ်ကြားပါသည်။
Read More...
18-Feb-2020