ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် တိုးတက်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် တိုးတက်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အစိုးရအဖွဲ့ တစ်ခုလုံးရာ၊ ဌာနဆိုင်ရာများ အားလုံးက ပြည်သူကို မျက်နှာမူပြီး ပြည်သူများ၏ အခြေခံလိုအပ်ချက်များဖြည့်ဆည်းပေးရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာစေရန်၊ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တစ်ဦးချင်း ဝင်ငွေမြင့်တက်လာရန်၊ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ပြီး စက်မှုဇုံများ၊ ကမ်းခြေစီမံကိန်းများ၊ ကမ်းခြေဒေသဖွံ့ဖြိုးမှုစီမံကိန်းများ အမြန်ဆုံး အကောင်အထည်ပေါ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုလိုလားသော အုပ်ချုပ်ရေးဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူးများ၊ အင်အား (၂၁၁၄၃)ဥိးအား သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ခဲ့ကြောင်း၊
Read More...
30-Nov--0001