တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်- ချောင်းသာကားလမ်း (၂၃)မိုင်ရှိ၊ အောင်ချမ်းသာတောရကျောင်းတွင် မြို့မဆရာတော်ဦးကောဝိဒအား သွားရောက်ဖူးမြော်ကြည်ညို၊ ငပုတောမြို့နယ်၊ ကြောင်တောက်ကုန်းကျေးရွာမှ ပမ္မဝတီသို့ ဆက်သွယ်သောလမ်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုသိမ်-ချောင်းသာကားလမ်း (၂၃)မိုင်ရှိ၊ အောင်ချမ်းသာတောရကျောင်းတွင် မြို့မဆရာတော်ဦးကောဝိဒအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် အဘိဓဇအဂ္ဂမဟာ သဒ္ဓမဇောတိကဘွဲ့တံဆိပ်တော် ထပ်ဆင့်ပူဇော်ပွဲကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်မည့် အခြေအနေများအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ထပ်ဆင့်ပူဇော်ပွဲအခမ်းအနားကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။
Read More...
08-May-2025