ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါတွင်းကာလမဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲကို ယနေ့နံနက် ၀၄း၃၀အချိန်တွင် ပုသိမ်မြို့ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၊ ဒေါ်လှယဥ် (ဝိသာခါ) ဓမ္မာရုံ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်၍ အရုဏ်ဆွမ်းလောင်းလှူခဲ့ကြပါသည်။ ဦးစွာ ပုသိမ်မြို့ရှိကျောင်းတိုက်အသီးသီးတွင် ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်အရှင်သူမြတ်များမှ အရုဏ်ဆွမ်းခံကြွရောက်တော်မူလာကြကုန်သော သံဃာတော်(၁၉၃၉) ပါးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော စေတနာရှင်အလှူရှင်များမှ အရုဏ်ဆွမ်းလောင်းလှုပူဇော်ခဲ့ကြသည်။ ဆက်လက်၍ အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲအပြီးတွင် ပုသိမ်မြို့ရှိထေရ်ကြီးဝါကြီး သံဃာတော်အရှင်သူမြတ်ငါးပါးတို့ကို ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်ခြင်းနှင့်ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကို “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဝိဿုတ မဟာထေရ် အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအားဆက်လက်နာယူ ကြည်ညိုကြသည်။ ယင်းနောက် အခမ်းအနားသို့  ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်  အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက ဝါဆိုသင်္ကန်းနှင့်   လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်   အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍   ဧရာဝတီတိုင်းဒေသကြီး  သံဃနာယကအဖွဲ့၊ ဥက္ကဌ(သုဓမ္မာ) မရမ်းချိုကျောင်းတိုက်  ပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောဘိတမဟာထေရ် အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဌတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ ဝါတွင်းကာလအတွင်း သံဃာတော်အရှင်သူမြတ်များ သာသနာရေးဆိုင်ရာကိစ္စရပ်များကို စိတ်အေးချမ်းသာစွာဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ဝါတွင်းကာလပတ်လုံး တနင်္လာနေ့မှအပ တစ်ပတ်လျှင် ခြောက်ရက်ဖြင့် အရုဏ်ဆွမ်းလောင်းလှူပူဇော်သွားမှာဖြစ်ပါသည်။


Read More...
14-Jul-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဟင်္သာတမြို့နယ်နှင့် အင်္ဂပူမြို့နယ်များတွင် ဧရာဝတီ မြစ်ရေတိုက်စားမှုအခြေအနေများ ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  တိုင်း ၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေလယ်ကျွန်း(ဆိပ်)အနီးတွင် ငဝန်မြစ်ရေတိုက်စား၍ ကမ်းပါပြိုကျမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဦးစွာ ရေလယ်ကျွန်ကျေးရွာ ရွှေကျွန်းဇေယျာဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်အား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ ပဲကြီးကျွန်းကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာရှိ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေလယ်ကျွန်း (ဆိပ်)အနီးရှိ ငဝန်မြစ်ရေတိုက်စားမှု အခြေအနေများနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မည့်အခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ချုပ်မှ အရေးပေါ်ကာကွယ်ရေးဆောင်ရွက်မည့်အခြေအနေများ အမြန်ဆုံးဆောင်ရွက်စေရေးနှင့် ရေရှည်ကာကွယ်ရေးလုပ်ငန်းများစနစ်တကျရေးဆွဲဆောင်ရွက်ရန်မှာကြားခဲ့ပြီး ကမ်းပြိုမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေလယ်ကျွန်း(ဆိပ်)ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများတွင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်းပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ကညင်တပင်ကျေးရွာအနီး ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် အင်္ဂပူ-ညောင်ကျိုး ကားလမ်း ၇/၃ မိုင်နှင့် ၇/၅ မိုင်အတွင်း ကမ်းပြိုမှုကြောင့် ရှောင်ကွင်းလမ်းဖောက်လုပ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ  တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ ကမ်းပြိုကာကွယ်ရေးလုပ်ငန်များဆောင်ရွက်ထားရှိမှုနှင့် ဟင်္သာတခရိုင်လမ်းဦးစီးဌာနမှူးမှ ရှောင်ကွင်းလမ်းဖောက်လုပ်နေမှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးချုပ်မှ ရေရှည်တည်တံမှုရှိစေရေး၊ မြစ်ရေတိုက်စားမှုသက်သာစေရေးလုပ်ငန်းများဆောင်ရွက်ထားရှိရေးနှင့် အချိန်မီပြီးစီးစေရေးမှာကြားခဲ့ပါသည်။


Read More...
13-Jul-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဧကာဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွန်းဆန်တော်နှင့် ဆီများဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ
ပုသိမ်မြို့ပေါ်ရှိ သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီးများ ဝါတွင်းကာလအတွင်း သာသနာဆိုင်ရာကိစ္စရပ်များကို စိတ်အေးချမ်းသာစွာ ကျင့်ကြံအားထုတ်ပွားများနိုင်ရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက် ၂၀၀ နှင့်သီလရှင် စာသင်တိုက်(၁)တိုက်အား ဧကာဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားအား ယနေ့နံနက် ၉ နာရီခွဲအချိန်က သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဦးစွာ အခမ်းအနားအား “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယ၊ပုသိမ်မြို့၊နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဝိဿုတ မဟာထေရ် အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူ ကြည်ညိုကြသည်။ ယင်းနောက် အခမ်းအနားသို့  ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်  အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများက ဝါဆိုသင်္ကန်းနှင့်  ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်  သီလရှင်ဆရာကြီးများအား သီလရှင်ဝတ်စုံ၊ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများအားလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍   ဧရာဝတီတိုင်းဒေသကြီး  သံဃနာယကအဖွဲ့၊ ဥက္ကဌ(သုဓမ္မာ)မရမ်းချိုကျောင်းတိုက်  ပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောဘိတမဟာထေရ် အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဌတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့်သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။


Read More...
12-Jul-2022
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ချောင်းသာမြို့နှင့် ရွှေသောင်ယံမြို့များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နေ့လည်ပိုင်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ချောင်းသာမြို့ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့်ဆောင်ရွက်သည့် School Cum Shelter ( ၁၃၀' × ၃၀' × ၂၃' ) ဆောက်လုပ်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရည်အသွေးပြည့်မီရေး သက်မှတ်ကာလအတွင်းပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းဦးစီးဌာနမှ ငရုပ်ကောင်း- ငွေဆောင်- ရွှေသောင်ယံ- မကျီးစင်- ကျောက်ချွန်- ဂွ ကားလမ်းအား  ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီစေရေးနှင့်သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေသောင်ယံမြို့ရှိ ပုသိမ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံ သုတေသနနှင့်လေ့ကျင့်ရေးစခန်းသို့ သွားရောက်၍  အုန်းပင် များစုပေါင်းစိုက်ပျိုးပေးခဲ့ပါသည်။ ထို့နောက် အဏ္ဏဝါသိပ္ပံဌာန ရှင်းလင်းဆောင်တွင် ပုသိတက္ကသိုလ်ပါမောက္ခချုပ်၊ အဏ္ဏဝါသိပ္ပံဌာန၊ ဓာတုဗေဒဌာန၊ ရုက္ခဗေဒဌာန၊ သတ္တဗေဒဌာနတို့မှ ပါမောက္ခဌာနမှူးများမှ ပုဇွန်သားပေါက်၊ ငါးသားပေါက်မွေးမြူနိုင်ရေး၊ ပင်လယ်မှော်၊ ပင်လယ်မြတ်၊ လမုပင်စသည်တို့မှ အဏုဇီဝ ပိုးထုတ်လုပ်၍ ပိုးမွှားအန္တရာယ်ကာကွယ်နိုင်ရေး၊ ပင်လယ်ရေမှော်များတွင် အိုင်အိုဒင်းပါဝင်မှုသိရှိနိုင်ရေးနှင့် ဂဏန်းအသားအာဟာရတန်ဖိုးမြှင့်တင်နိုင်ရေး လေ့လာသုတေသနပြုဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သုတေသနပြုလေ့လာမှုများမှ  ရလဒ်ကောင်းများထွက်ပေါ်လာစေရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လက်တွေ့အသုံးပြုအကောင်အထည်ဖော်နိုင်ရေးကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။


Read More...
11-Jul-2022
ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးစကားဝိုင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးစကားဝိုင်းဆွေးနွေးပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က ချောင်းသာမြို့ AZURA HOTEL ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဟိုတယ်လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ကမ်းခြေဒေသအားအမှီပြု၍ ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကမ်းခြေဒေသများသည် ပြည်သူများ၏ မွန်းသိပ်မှုများအား ဖြေလျှော့ပေးနိုင်တဲ့နေရာတစ်ခုဟုပြောရမှာဖြစ်ပါကြောင်း၊ နယ်မြေ တည်ငြိမ်​အေးချမ်းမှုရှိပြီးရန်ကုန်မြို့နှင့်အနီးဆုံးဖြစ်၍ပြည်တွင်းခရီးသွားများအ​နေဖြင့်ယခုမိုးတွင်းကာလတွင်ပင်လာ​ရောက်လည်ပတ်​နေကြသည်ကို​တွေ့ရပါ​ကြောင်း၊ ဟိုတယ်ဇုံသန့်ရှင်းသာယာလှ​စေ​ရေးဝိုင်း၀န်း​ဆောင်ရွက်ကြရန်လိုပါကြောင်း၊ GLMSစနစ်အားဟိုတယ်အားလုံးအသုံးပြုနိုင်​ရေး၊ပြည်တွင်းပြည်ပခရီးသွားများကိုဆွဲ​ဆောင်နိုင်သည့် သဘာဝကို အခြေခံသည့် ခရီးစဥ်အသစ်များ​ရေးဆွဲ​ရေး ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းများမြှင့်တင်နိုင်ရေးအတွက် ရာသီပွဲတော်၊ စျေးရောင်းပွဲတော်များကျင်းပဆောင်ရွက်ရန်လိုပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအနေဖြင့်လည်း ပလတ်စတစ်အမှိုက်များအား ကမ်းခြေ၌ မရှိစေရေး ဌာနဆိုင်ရာများ၊ ဟိုတယ်များ၊ ဒေသခံပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်းနှင့် ဆွေးနွေးပွဲမှတစ်ဆင့် ရလဒ်ကောင်းများ ထွက်ပေါ်လာပြီး ကမ်းခြေဒေသခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေး လက်တွေ့အသုံးပြုဆောင်ရွက်ကြစေလိုကြောင်း”ပြောကြားသည်။ ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့၊ ဗဟိုစာရင်းဦးစီးဌာန၊မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ချောင်းသာ)ဇုံ၊  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများ၏  ကိုယ်စားလှယ် တစ်ဦးစီမှ ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးခေါင်းစဉ်ဖြင့် စကားဝိုင်းအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။


Read More...
11-Jul-2022
2025 Ayeyarwady Division