နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမတွင်ပြုလုပ်သော ဧရာဝတီပေါ်ဆန်းနှင့် ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စိုက်သူ၊ကြိတ်သူ၊ ရောင်းဝယ်သူတို့ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ မြို့နယ် (၄)မြို့နယ် ပူးပေါင်းဆောင်ရွက်သည့် ဧရာဝတီပေါ်ဆန်းနှင့် ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များနှင့် တောင်သူများ တက်ရောက်ခဲ့သည်။
Read More...
17-May-2025