ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


၂၀၂၃ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးပြေးခုန်ပစ်အသင်းအားအောင်နိုင်ရေးအလံပေးအပ်
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးပြေးခုန်ပစ်အသင်းအားး အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်   အုပ်ချုပ်သူ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ပြိုင်ပွဲဝင်ကစားသမားများ၏ အားကစားနည်းအလိုက် ရွှေ၊ငွေ၊ကြေးဆုတံဆိပ်များရရှိမှူများနှင့်ကြိုးစားမှုများသည်လည်း တစ်ကြိမ်နှင့်တစ်ကြိမ် တိုးတက်လာသည်ကိုတွေ့ရှိရပါကြောင်း၊လေ့ကျင့်မှုကောင်းကောင်းဖြင့် လေ့ကျင့်ထားမည်ဆိုပါက ပြိုင်ပွဲများ၌ အောင်မြင်မှုများ မလွဲမသွေရရှိမှာဖြစ်ပါကြောင်း၊လေ့ကျင့်သားပြည့်ဝရန်အတွက် စခန်းသွင်းလေ့ကျင့်မှုနှင့် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများလည်း ဆောင်ရွက်ထားရှိပါကြောင်း၊ မိမိတို့ရရှိခဲ့သည့် ဆုတံဆိပ်များထက် တစ်ဆင့်ပြီးတစ်ဆင့်မြင့်အောင် ကြိုးစားရမှာဖြစ်ပါကြောင်း၊အားကစားနည်းသည် ပညာရေးနှင့်တွဲနေသောကြောင့် ပညာရေးဘက်ကိုလည်း မလစ်ဟင်းအောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မျိုးဆက်သစ်အားကစားသမားအနေဖြင့် မိမိတို့ဝါသနာပါသည့် အားကစားနည်းအား အောင်မြင်အောင်ကြိုးစားပြိုင်ပွဲဝင်ကြရန်လိုပါကြောင်း၊ကျန်းမာရေးအား အထူးဂရုစိုက်၍ ကိုဗစ်-၁၉ရောဂါ ညွှန်ကြားချက် စည်းကမ်းများနှင့်အညီနေထိုင်ကြရန်လည်းလိုပါကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားဖြစ်ကြပါစေကြောင်း”တိုက်တွန်းအမှာစကား ပြောကြားခဲ့ပြီးတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။ ၂၀၂၃ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးပြေးခုန်ပစ်အသင်းတွင် နည်းပြအုပ်ချုပ်နှင့် အားကစားသမား စုစုပေါင်း (၃၀)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းသိရသည်။


Read More...
24-May-2023
ကန်ကြီးထောင့်မြို့၌ပြုလုပ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ်အား ပညာရေးဌာနသို့လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၌  စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ်အား ပညာရေးဌာနသို့လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ဆရာ၊ဆရာမများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ်အား  တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ယင်းနောက်  ဝန်ကြီးချုပ်သည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအားပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မိမိတို့တိုင်းဒေသကြီး၌ စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်း(၂)ကျောင်း၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်း (၂)ကျောင်း၊ စုစုပေါင်း(၄)ကျောင်းအား ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်းနှင့်  စိုက်ပျိုးမွေးမြူရေးကို ဝါသနာပါသည့် ကျောင်းသား၊ကျောင်းသူများ ထွက်ပေါ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများ၌ စိုက်ပျိုးမွေးမြူရေးပညာရပ်များကို  အခြေခံကျကျသင်ယူဆောင်ရွက်ရမည်ဖြစ်ပြီး အထူးအောင်၊ အဆင့်မီအောင်နှင့် ရိုးရိုးအောင်စသည့် အောင်မြင်မှုများအလိုက် တက္ကသိုလ်များ၊ သိပ္ပံများနှင့် လုပ်ငန်းခွင်အသီးသီးသို့ဝင်ရောက်နိုင်မည့် အခွင့်အရေးကောင်းများရှိပါ၍ မိမိတို့၏တပည့်များ လမ်းကြောင်းမှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေးနှင့် တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် စိုက်ပျိုးမွေးမြူရေး ပညာရှင်များမွေးထုတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်”ပြောကြားခဲ့သည်။ ယင်းနောက် ဆောက်လုပ်ရေးကုမ္ပဏီက ကျောင်းဆောင်နှင့်ပတ်သက်သည့် မှတ်တမ်းများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။


Read More...
24-May-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်သို့ ချေးငွေထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ် သို့ ချေးငွေထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ​မေလ ၂၃ ရက်​နေ့ ညနေပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ အစည်းအဝေးသို့ နိုင်ငံ့စီးပွား မြှင့်တင်ရေး တိုင်းဒေသကြီးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် ကော်မတီအဖွဲ့ဝင်များ၊  ခရိုင်၊ မြို့နယ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။ ဦးစွာ နိုင်ငံ့စီးပွားမြှင့်တင်ရေး တိုင်းဒေသကြီးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် " ဧရာဝတီတိုင်းဒေသကြီး သည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ယခုနှစ်မိုးရာသီမှ စတင်၍ မိုးစပါး တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးနှင့် ဒေသတွင်း ဆီဖူလုံမှုရှိစေရေး အတွက် နေကြာနှင့် ဆီထွက်သီးနှံများ လျာထားစိုက်ဧကပြည့်မီအောင် စိုက်ပျိုးရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ချေးပေးသွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေး နိုင်မည့် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် လုပ်ငန်းများကို ဦးစားပေး စဉ်းစားကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားရေး မြှင့်တင်ရေးရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွက် ထုတ်ပေးထား သည့်ငွေမှာ တိုင်းဒေသကြီးအတွင်း လည်ပတ်နေမှာဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် စိတ်ပါဝင်စားပြီး အလားအလာရှိသော လုပ်ငန်းရှင်များ၊ စိုက်ပျိုး၊ မွေးမြူရေးတောင်သူများအား  ထုတ်ချေးပေးသွားမှာဖြစ်ပါကြောင်း၊ တိုင်း၊ ခရိုင်၊ မြို့နယ် ကော်မတီအဆင့်ဆင့်မှ သတ်မှတ်ထားသည့် မူဝါဒများနှင့် ကိုက်ညီအောင် စိစစ်ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း" ပြောကြားခဲ့သည်။ ထို့နောက် ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးပေးနိုင်ရေးအတွက် ကော်မတီအဆင့်ဆင့်အလိုက် ဆောင်ရွက် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်အဆင့် ကော်မတီဥက္ကဋ္ဌများမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေရယူဆောင်ရွက်လိုသည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု၊ ထုတ်လုပ်မှုလုပ်ငန်း များအား အသီးသီး ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ကော်မတီဝင်များက ဖြည့်စွက် ရှင်းလင်း တင်ပြခဲ့ကြပါသည်။ ထို့နောက် အစည်းသို့တက်ရောက်လာသည့် ကော်မတီဝင်များက အထွေထွေဆွေးနွေး တင်ပြကြရာ နိုင်ငံ့စီးပွားမြှင့်တင်ရေး တိုင်းဒေသကြီးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ပါသည်။


Read More...
24-May-2023
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) အဝင် မုဒ်ဦးနှင့် ကျောင်းသူ(၁၆၀)ဦးဆံ့ ကေသရီဆောင် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) အဝင်မုခ်ဦးနှင့် ကျောင်းသူ(၁၆၀)ဦးဆံ့“ကေသရီ”အိပ်ဆောင်ဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် တက္ကသိုလ်အဝင်မုခ်ဦးအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီး ခဲ့သည့် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) ကျောင်းသူ (၁၆၀)ဦးဆံ့ ၂၁၂ ပေ × ၁၃၂ ပေ RC နှစ်ထပ် "ကေသရီ”အိပ်ဆောင်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် “ကေသရီ”အိပ်ဆောင် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကာ အိပ်ဆောင်အားလှည့်လည်ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦရေရှည်တည်တံ့ စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ကြရန်၊ အိပ်ဆောင်အတွင်း အပြင်သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ကြရန်နှင့် အဆောင်ဝန်းကျင်သန့်ရှင်းသာယာလှပရေးတို့အတွက် အရိပ်ရ အပင်များ၊ ပန်းအလှပင်များ စနစ်တကျစိုက်ပျိုးထားရှိရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ပေါ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂၄)အခြေခံပညာမူလတန်းကျောင်း၊ အမှတ် (၂၀) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ (P.E.C)ကိုယ်ပိုင်အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံမှုအခြေအနေများ၊ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေ ပေးသည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ထုတ်ပေးနေမှုများ၊ စာသင်ဆောင်များ ပြင်ဆင်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးဌာန တာဝန်ရှိသူ များအနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းအပ်နှံတက်ရောက် စေရေးအတွက် ရပ်ကွက်ကျေးရွာများအလိုက် အသိပေးဆောင်ရွက်ကြရန်နှင့် နေ့စဉ် ကျောင်းအပ်နှံစာရင်းများ အား တင်ပြကြရန်"  မှာကြားခဲ့သည်။


Read More...
23-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၁၈)နှစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၈)ခရိုင်အသက်(၁၈)နှစ်​အောက် အမျိုးသားဘောလုံးပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က“ယနေ့ကျင်းပသည့် ဘောလုံးပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘောလုံး အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လာနိုင်စေရေးအစရှိသည့်  ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ထူးချွန်ထက်မြက်သည့်  ဘောလုံးအားကစား သမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီးကျင်းပပြုလုပ်သည့် ပြိုင်ပွဲဖြစ်သည့် အတွက်  ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများသည် အားကစား သမားကောင်း ပီသစွာ ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းလိုပါကြောင်း၊ အားကစားဆိုသည်မှာ “ခွန်အားနှင့် ဉာဏ်ရည် ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်ရပါကြောင်း၊ ဉာဏ်စွမ်းအားကောင်းမွန်မှု၊ မိမိအသင်းသားများနဲ့ ညီညွတ်စွာဆက်ဆံပေါင်းသင်းမှုစသည့် ကာယ၊ ဉာဏ၊ စာရိတ္တ စွမ်းရည်တွေကိုပါ ဘက်စုံထောင့်စုံက အတွဲညီစွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်နှင့် တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား များဖြစ်အောင် ကြိုးစားဆောင်ရွက်ရန်" မှာကြားခဲ့သည်။  ဆက်လက်၍ စစ်ကြောင်းမှူးက ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုပြီးနောက် အားကစားသစ္စာ အဓိဋ္ဌာန်(၄)ချက်အား ရွတ်ဆိုခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက်  ဖျာပုံခရိုင်အသင်းနှင့် မြန်အောင်ခရိုင်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ဖျာပုံခရိုင်အသင်းက မြန်အောင် ခရိုင်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။


Read More...
22-May-2023
2025 Ayeyarwady Division