ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၌ နယုန်လပြည့်မဟာသမယ အခါတော်နေ့ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ် ကြီး၌  နယုန်လပြည့်မဟာသမယအခါတော်နေ့ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားအား ယနေ့နံနက် ပိုင်းက စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းအတွင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား တက်ရောက်လာသည့် ဧည့်ပရိသတ်များက“နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် မရမ်းချိုကျောင်းတိုက်မှ ဘဒ္ဒန္တဝဏ္ဏ သာရာဘိဝံသနှင့် ဘဒ္ဒန္တပညိန္ဒကတို့က ဘုရားပင့်ခြင်း၊ နတ်ဗြဟ္မာများအား ပင့်ဖိတ်ခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကကိုးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော်  (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာ တရားများ နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ များနှင့်အတူ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ ရွှေမြကွင်း အခြေခံပညာအလယ်တန်းကျောင်း၊ ဖြန်ရေကျော်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲများသို့သွားရောက်ရှိ၍  ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နေမှု များကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေး၊ အတန်းစဉ် ကူးပြောင်းရေးနှင့် ကျောင်းအပ်နှံတက်ရောက်ရန် မကျန်ရှိစေရေး သက်ဆိုင်ရာ ပညာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်မှ ကွင်းဆင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများမှ လိုအပ်ချက်များ တင်ပြမှုအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
02-Jun-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ရုံးအဝင်ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် ပုသိမ်မြို့ပေါ်ရှိကျောင်းများတွင် ကျောင်းတက်ရောက်နေမှုများအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ရုံးအဝင်ကွန်ကရစ်လမ်း ဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက အဆိုပါရုံးအဝင်လမ်းမုခ်ဦး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းရုံးအဝင် ကွန်ကရစ်လမ်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို အခမ်းအနားမှူးက ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သယံဇာတရေးရာ ဝန်ကြီးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံတို့က ကွန်ကရစ်လမ်း အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကွန်ကရစ်လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါကွန်ကရစ်လမ်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၁၅၃၀) ပေ၊ အကျယ် (၁၄) ပေ၊ ထု (၉) လက်မနှင့် တစ်ဖက်လျှင်(၃)ပေအကျယ်ရှိ လမ်းပုခုံး(၂)ခုနှင့် Box Culvert (၂)ခု ပါဝင်ကြောင်း သိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာ၊ အမှတ်(၂၂၇) အခြေခံပညာမူလတန်းကျောင်း၊ ပုသိမ်မြို့ပေါ်ရှိ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၂) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်းများသို့ များသို့သွားရောက်၍  ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်တက်ရောက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် စာသင်ခုံများလုံလောက်စွာရရှိရေး၊  ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်းရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေး၊ အမှိုက်ခြင်း၊ အမှိုက်တောင်းများ စနစ်တကျထားရှိရေး၊ လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်းထားရှိရေး လမ်းညွှန်မှာကြားခဲ့ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများမှ လိုအပ်ချက်များတင်ပြမှုအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
01-Jun-2023
စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းဆောင်(စက္ကော့)လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူ​ရေးအထက်တန်းကျောင်းဆောင်(စက္ကော့)လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှေ့၌ပြုလုပ်ခဲ့ရာ လျှပ်စစ်မီးဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ ဆရာ၊ဆရာမများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းဆောင် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စာသင်ဆောင်များအား ကြည့်ရှုစစ်ဆေးကာ စိုက်ပျိုး​ရေးနှင့်​မွေးမြူ​ရေး အထက်တန်း​ကျောင်း တက်​ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့်  ကျောင်းသုံးပုံနှိပ်စာအုပ်များအား ကျောင်းသား၊ကျောင်းသူများထံသို့ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။


Read More...
31-May-2023
၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၈ ခရိုင် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့၌  ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၈ ခရိုင် အသက် ၁၈နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ  အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တပ်မ​တော်မှအရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဘောလုံး အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ရှေးဦးစွာ  ဗိုလ်လုပွဲအား ပုသိမ်ခရိုင်ကိုယ်စားပြုအသင်းနှင့် လပွတ္တာခရိုင်‌ ကိုယ်စားပြု အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ရာပုသိမ်ခရိုင်အသင်းက   လပွတ္တာခရိုင်‌အသင်းအား နှစ်ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ ဆုရရှိသည့်ခရိုင်အသင်းများမှ အားကစားသမားက နေရာယူကြပြီးနောက် တတိယဆုရရှိသည့်မအူပင်ခရိုင်မှ အားကစားသမားများအား ငွေသားဆုကို  တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် လပွတ္တာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့်‌ပုသိမ်ခရိုင်မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆုကို ပုသိမ်လေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးကြီးရဲမျိုးသန့်ကလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံး ကစားသမားဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်ကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ထို့​နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကာ ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။


Read More...
30-May-2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော မျိုးစေ့ထုတ်တောင်သူများအား မျိုးကောင်းမျိုးသန့် မျိုးစေ့၊သွင်းအားစုဓာတ်မြေဩဇာပေးအပ်ခြင်းနှင့် တစ်ဧက(၁၀)တင်းနှုန်း တိုးတက်ထွက်ရှိရေး ဆောင်ရွက်သော တောင်သူများအား မျိူးသန့်စပါး(CS)မျိုးများပေးအပ်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ခါတော်မှီပရိယတ္တိစာသင်တိုက် ဝံသာနုရက္ခိတဓမ္မာရုံ၌ ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော မျိုးစေ့ထုတ်တောင်သူများအား မျိုးကောင်းမျိုးသန့် မျိုးစေ့၊သွင်းအားစုဓာတ်မြေဩဇာပေးအပ်ခြင်းနှင့် တစ်ဧက(၁၀)တင်းနှုန်း တိုးတက်ထွက်ရှိရေး ဆောင်ရွက်သော တောင်သူများအား မျိူးသန့်စပါး(CS)မျိုးများပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍“စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်း​ရောက်ရှိ​ရေးအတွက် ကြိုးစား​ဆောင်ရွက်လျှက်ရှိပြီး ယခုနှစ်တွင် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းတိုးတက်ထွက်ရှိရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ဆန်စပါးဖူလုံပိုလျှံမှုရှိသော်လည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် လိုအပ်နေပါသေးကြောင်း၊ တစ်ဧကအထွက်နှုန်းတိုးရေးအတွက်  မျိုးကောင်းမျိုးသန့်စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မှသာ ပန်းတိုင်အထွက်နှုန်းများရောက်ရှိမှာဖြစ်ပါကြောင်း၊ဧရာတိုင်းဒေသကြီးအား စိုက်ပျိုးရေးစံပြတိုင်းဖြစ်ရန်အတွက် စိုက်ပျိုးရေးပညာရှင်များ၊ တောင်သူများကလည်း ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊တောင်သူများအနေဖြင့် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးအထိ တိုးတက်စိုက်ပျိုးပြီး စိုက်ပျိုးရေးစံပြတိုင်းဖြစ်​​ေအာင် ဝိုင်း၀န်းကြိုးပမ်း​ ပေးကြစေလိုကြောင်း” အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  ပုသိမ်၊ကန်ကြီးထောင့်၊သာပေါင်း၊ငပုတောမြို့နယ်များမှစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများ၊တောင်သူများထံသို့  မျိုးကောင်းမျိုးသန့် မျိုးစေ့နှင့် သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် တောင်သူတစ်ဦးက ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။ ယင်းနောက် ခါတော်မှီပရိယတ္တိစာသင်တိုက်၏ ပဓာန နာယကဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာ​ရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။


Read More...
30-May-2023
2025 Ayeyarwady Division