ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း သာပေါင်းမြို့နယ် ငါးဘတ်ချောင်းကျေးရွာအုပ်စုတွင် မိုးစပါးစိုက်တောင်သူများအား မျိုးစေ့များ၊ မျိုးစေ့ချကိရိယာများပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာထည်ထိုးထည့်သွင်းခြင်းသရုပ်ပြပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ လယ်တီကျေးရွာတွင် ပြုလုပ်သော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား (RS) မျိုးစေ့ပေးအပ်ခြင်း၊ ကြဲခင်းစနစ်ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ( Drum Seeder )များ ပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည်ထိုးထည့်သွင်းစိုက်ပျိုးပွဲအခမ်းအနား တက်ရောက်ခဲ့သည်။


Read More...
11-Jun-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
​ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နေ့လယ်ပိုင်းတွင် ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင်ကျင်းပပြုလုပ်သော တိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခဲ့ပါသည်။


Read More...
10-Jun-2025
ပုသိမ်မြို့၊ သမိုင်းဝင်ရွှေမုဌောမဟာစေတီတော်မြတ်ကြီးတွင် နယုန်လပြည့်မဟာသမယအခါတော်နေ့ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်မဟာသမယအခါတော်နေ့ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သမိုင်းဝင်ရွှေမုဌောမဟာစေတီတော်မြတ်ကြီးရှိ ဦးမောင်ကြီး အာရုံခံ တန်ဆောင်းတွင် ကျင်းပပြုလုပ်ရာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့်သံဃာတော်များ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။


Read More...
10-Jun-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ငွေဆောင်မြို့ ယမုံနာဦးဟိုတယ်တွင်ပြုလုပ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၄)မျိုး ဖွင့်ပွဲအခမ်းအနားတက်ရောက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှကြီးကြပ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီစဉ်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၄)မျိုး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငွေဆောင်မြို့၊ ယမုံနာဦးဟိုတယ်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်


Read More...
09-Jun-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ ဗိုလ်ကုန်းကျောင်းတိုက်အတွင်းရှိ ဂန္ဓကုဋီတိုက်တန်ဆောင်းတော်ကြီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၉)ရပ်ကွက်၊ ဗိုလ်ကုန်းကျောင်းတိုက်အတွင်း အနန္တမုနိဆုတောင်းပြည့် ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်သီတင်းသုံးတော်မူသည့် ဂန္ဓကုဋီတိုက် တန်ဆောင်းတော်ကြီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။


Read More...
09-Jun-2025
2025 Ayeyarwady Division