ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာ၊ ရတနာသုခသာသနာ့ဗိမာန်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၊  ဓာတုကင်းလွတ်ပေါ်ဆန်း (၂၅၀)ဧက စိုက်ပျိုးခြင်းသရုပ်ပြပွဲတက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ဓာတုကင်းလွတ်ပေါ်ဆန်း (၂၅၀)ဧက စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့ညနေပိုင်းက နွားရေတိုက် ကျေးရွာ၊ တောင်သူဦးမြင့်ဆွေ၏ စိုက်ဧက(၅)ဧကတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ တက်ရောက်အားပေးခဲ့သည်။


Read More...
14-Aug-2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၂၀၂၅)ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားအားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး (၂၀၂၅)ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားအား ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အမျိုးသမီး ရေးရာအဖွဲ့များ၊ ကိုယ်ဝန်ဆောင်များနှင့် မိခင်များနှင့်ရ ကလေးငယ်များတက်ရောက်ခဲ့ကြသည်။


Read More...
13-Aug-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟင်္သာတမြို့၊ ဖောင်ဆိပ်ကျေးရွာကမ်းပါးပြိုကျမှုအားကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဟင်္သာတမြို့၊အိပ်ပျက်ကျေး ရွာအုပ်စုရှိကျေးရွာများကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ အမျိုးသားသဘာဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဆောင်ရွက်ပြီး Geotextile ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ အောက်ဘက်ရှိ ၂၀၂၅_၂၀၂၆ ဘဏ္ဍာနှစ်တွင်ယာယီကမ်းထိန်း ဆောင်ရွက်ထားသော RD-5000 မှ RD-5500 ကြားရှိ ပေ(၂၀ဝ)ခန့်သည် ယခုလ ၁၁ရက်နေ့မွန်းလွဲပိုင်း မြစ်ရေကျဆင်းချိန်တွင် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ အဆိုပါ ဖြစ်ပွားခဲ့ရာနေရာသို့ ယမန်နေ့ညနေပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
12-Aug-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။


Read More...
12-Aug-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မြန်မာ့သိုင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သိုင်းအသင်း၏ သရုပ်ပြသမှုများအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ တွင်ပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သိုင်းအသင်း၏ သရုပ်ပြသမှုများအား ကြည့်ရှုအားပေးခဲ့သည်။


Read More...
11-Aug-2025
2025 Ayeyarwady Division