ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း Daedong လယ်ယာသုံးပစ္စည်းပေးအပ်ပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မေလ ၂၃ ရက်နေ့ ညနေပိုင်းတွင် သမဝါယမသင်တန်းကျောင်း(ပုသိမ်)၌  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအ ဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မည့် သမဝါယမအသင်း (၁၆)သင်းနှင့် စံပြကျေးရွာ (၃)ရွာသို့ Deadong လယ်ယာသုံးစက်ကရိယာ (၁၉) စီး ပေးအပ်ပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးဘတ်ဂျက်ခွင့်ပြုရန်ပုံငွေဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်မည့် သမဝါယမအသင်းများအား ထောက်ပံ့ပေးမည့် Deadong ထွန်စက်များနှင့်  အသင်းသားများပိုင်ဆိုင်သည့် လယ်ယာမြေများအား စနစ်တကျအဆင့်မြှင့်တင်ကာ စက်မှုလယ်ယာမြေအဖြစ် လယ်ဧကများကို အပြည့်အဝအကောင်အထည်ဖော် ဆောက်ရွက်ကြရန်လိုကြောင်း၊  သမဝါယမအသင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြှင့်တင်ရန် အတွက် ပံ့ပိုးမှုများ ဆက်လက်ဆောက်ရွက်ပေးနိုင်ရေးဆောက်ရွက်လျက်ရှိပါကြောင်းနှင့် ထောက်ပံ့ပေးထားသည့် လယ်ယာသုံးစက်ကိရိယာများအား စနစ်တကျထိန်းသိမ်းအသုံးပြုကြပြီးတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အောင်မြင်စေရန်အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားခဲ့ပါသည်။

ဆက်လက်၍  တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မည့်သမဝါယမအသင်းများသို့ Deadong လယ်ယာသုံး စက်ကရိယာပစ္စည်းများ ပေးအပ်ခဲ့ကာ အသင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ Deadong လယ်ယာသုံး စက်များအားစမ်းသပ်မောင်းနှင်မှုကိုကြည့်ရှုအားပေးခဲ့ပါသည်။

23-May-2022
2025 Ayeyarwady Division