ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

မအူပင်မြို့နှင့် ပုသိမ်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်း (၄/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းတွင် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် မအူပင်မြို့၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)သင်တန်း (၄/၂၀၂၁) သင်တန်းဆင်းပွဲနှင့် ဧပြီ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်း (၄/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားများသို့‌တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားရာတွင် သင်တန်းတွင်သင်ကြားခဲ့သည့်ဘာသာရပ်များအား လက်တွေ့နယ်ပယ်တွင် ထိရောက်စွာအသုံးပြုရန်လိုကြောင်း၊ ပြည်သူလူထုများကိုလည်း ပဏာမကျန်းမာရေးကာကွယ်မှုများကို ပြည့်ပြည့်ဝဝဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများတွင်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျန်းမာမှသာလျှင် ကျန်သည့်အရေးကိစ္စများအား ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဆရာဆရာမများအား များစွာအားထားကျေးဇူးတင်ပါကြောင်းပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခြင်း၊ သင်တန်းတွင် ဆုရရှိခဲ့သည့်သင်တန်းသားများအား ဆုချီးမြှင့်ခြင်း၊ ထောက်ပံ့ငွေများပေးအပ်ခြင်း၊ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ပါသည်။

မအူပင်မြို့၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)သင်တန်းတွင် သင်တန်းဆင်း ဦးရေ(၅၀)ဦးနှင့် ပုသိမ်မြို့တွင် သင်တန်းဆင်းဦးရေ (၅၉)ဦး ရှိကြောင်းသတင်းရရှိပါသည်။

27-Apr-2022
2025 Ayeyarwady Division