ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ စိတ္တသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒိယမဟာထေရ်အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပွဲကျင်းပ

ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းနှင့်ဇနီးသည် ဧပြီလ ၂၄ ရက် နံနက်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ကမ္မန္တာကျေးရွာရှိ  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ စိတ္တသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒိယမဟာထေရ်အား ထပ်ဆင့် ချီးကျူးဂုဏ်ပြုပွဲ ဂုဏဝိသိဋ္ဌပူဇာမဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညို၍  ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး သာသနာရေးဆိုင်ရာ လျောက်ထားရာတွင် ဆရာတော် ဘဒ္ဒန္တနန္ဒိယမဟာထေရ်၏ ဂုဏဝိသိဋ္ဌပူဇာမဟာမင်္ဂလာအခမ်းအနားတွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား ဖူးမြော်ကြည်ညိုခွင့်ရရှိပါသဖြင့် ဝမ်းသာကြည်နူးရပါကြောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းရာ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆရာတော်ကြီး(၁၈)ပါးနှင့် သီလရှင်ဆရာကြီး(၃)ပါး၊ စုစုပေါင်း (၂၁)ပါးတို့ အလှူခံရရှိတော်မူခဲ့ပါကြောင်း၊ ဆရာဒကာလက်တွဲညီစွာ ထမ်းရွက်သယ်ပိုးခြင်းဖြင့် ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးသည် နှစ်ငါးထောင်မက တည်တံ့ပြန့်ပွား ထွန်းကားစည်ပင်မည်ဟု ယုံကြည်ပါကြောင်း လျောက်ထားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်ဆက်ကပ်လှူဒါန်း‌သော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ စိတ္တသုခကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒိယမဟာထေရ်အား ဘွဲ့တံဆိပ်တော်ထပ်ဆင့်ဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အလှူရှင်များမှ  ဆရာတော်သံဃာတော်များအား အလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ လှူဖွယ်ခြင်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

24-Apr-2022
2025 Ayeyarwady Division