ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

မြောင်းမြမြို့စိုက်ပျိုးရေးသိပ္ပံကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ သွားရောက်ခဲ့ပြီး စိုက်ပျိုးရေးသိပ္ပံကျောင်း ကျောင်းအုပ်ကြီးမှ ၂၀၂၂ခုနှစ် မေလတွင်  စိုက်ပျိုးရေးသိပ္ပံကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းသားကျောင်းသူများ နှစ်အလိုက် ကျောင်းတက်ရောက်မှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူများအတွက် စာသင်ဆောင်များ၊ အိပ်ဆောင်များ ပြင်ဆင်ထားရှိစေရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး မှာကြားခဲ့ကာ စာသင်ဆောင်၊ အိပ်ဆောင်များအတွက် ပရိဘောပစ္စည်းများ ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ မြောင်းမြမြို့ဝင်ဂိတ်တွင် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

19-Apr-2022
2025 Ayeyarwady Division