ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန်းဂျော်နီသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ပုသိမ်ပညာရေ:ကောလိပ်၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မူလတန်းဆရာအတတ်ပညာရေးလက်မှတ်အပ်နှင်းပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန်းဂျော်နီသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ပုသိမ်ပညာရေ:ကောလိပ်၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မူလတန်းဆရာအတတ်ပညာရေးလက်မှတ်အပ်နှင်းပွဲ အခမ်းအနားတက်ရောက်ခြင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ ပုသိမ်ပညာရေးကောလိပ်၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ် မူလတန်းဆရာအတတ်ပညာရေးလက်မှတ် အပ်နှင်းပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသူ/သင်တန်းသားများမှ ဆရာများခံယူအပ်သော သစ္စာအဓိဌာန်(၆)ချက် ရွတ်ဆိုခြင်း၊ ပုသိမ်ပညာရေးကောလိပ်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ပညာရေးကောလိပ်(၃)ထပ်အိပ်ဆောင်ဆောက်လုပ်ခြင်းလုပ်ငန်းအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

15-Feb-2017
2025 Ayeyarwady Division