ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

မြောင်းမြမြို့နယ်၊ မြို့နယ်လုံးဆိုင်ရာသံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပပြုလုပ်

မြောင်းမြမြို့နယ်၊ မြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နေ့လည်ပိုင်းတွင် မြောင်းမြမြို့၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်းဝင်းနှင့်ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရာက်ခဲ့ကြပါတယ်။

ရှေးဦးစွာ အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြောင်းမြမြိို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း ၃၉၉ ကျောင်း၊ သံဃာတော် ၁၈၂၇ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ဝတ္ထုငွေများအား လောင်းလှူပူဇော်ခဲ့ကြပါသည်။

17-Apr-2022
2026 Ayeyarwady Division