ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဇီဝိတဒါနဘေးမဲ့ငါးလွှတ်ပွဲနှင့် စက်တော်ရာဘိုးဘွားရိပ်သာရှိ သက်ကြီးရွယ်အိုများအား ပူ ဇော်ကန်တော့ပွဲကျင်းပ

သတ္တဝါများဘေးအန္တရာယ်ကင်းရှင်းပြီး အသက်ရှည်စွာနေနိုင်ကြစေရန်နှင့် ရှေးအစဉ်အဆက် ပြုလုပ်လာသည့် ကောင်းမြတ်သည့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ ၁၃၈၄ခုနှစ်၊ တန်ခူးလပြည့်ကျော်(၂)ရက်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့နံနက်ပိုင်းတွင်ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့(ငဝန်မြစ်ကမ်း)၌  ဇီဝိတဒါနဘေးမဲ့ငါးလွှတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်းဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ကြပါသည်။

ရှေးဦးစွာ ဇီဝိတဒါနဘေးမဲ့ငါးလွှတ်ရခြင်း၏ ရည်ရွယ်ချက်များအား ဘိတ်သိပ်ဆရာမှဖတ်ကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာကြသူများမှ ငဝန်မြစ်အတွင်း ငါးများကို ဘေးမဲ့လွှတ်ကုသိုလ်ပြုခဲ့ကြပါသည်။

ထို့နောက် ပုသိမ်မြို့စက်တော်ရာဘိုးဘွားရိပ်သာတွင် ပြုလုပ်သည့် သက်ကြီးရွယ်အိုဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနားတက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး အဘိုးအဘွားများအား လက်အုပ်ချီမိုးပူဇော်ကန်တော့၍  ပူဇော်ခံဘိုးဘွားများအတွက် ကန်တော့ပစ္စည်းများလှူဒါန်းခဲ့ရာ ဘိုးဘွားများကိုယ်စား အဘွားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ မေတ္တာပို့သပေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ အခမ်းအနားသို့မတက်ရောက်နိုင်သော အဘိုးအဘွားများအတွက်ကန်တော့ပစ္စည်းများနေရာအရောက် လှူဒါန်းပေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

17-Apr-2022
2025 Ayeyarwady Division