ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

နွေရာသီအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားအား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့တွင် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီးအားကစားနှင့် ကာယာပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားအား တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများ၏ အားကစား သရုပ်ပြမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။

အဆိုပါ နွေရာသီအားကစားသင်တန်းများတွင် အားကစားနည်း (၁၀)မျိုးပါဝင်ပြီး (၂၅.၃.၂၀၂၂)ရက်နေ့မှ (၈.၄.၂၀၂၂)ရက်နေ့အထိ နှစ်ပတ်တာ အားကစားအခြေခံနည်းစနစ်များကို သင်ကြားပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

08-Apr-2022
2025 Ayeyarwady Division