ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်းခွဲတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးမြို့တော် ပုသိမ်မြို့ သန့်ရှင်းသာယာလှပရေးအတွက် ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက်များ၊ ပန်းခြံများ၊ ဌာနဆိုင်ရာရုံးများ၊ လမ်းဘေးဝဲယာနှင့် စာသင်ကျောင်းများအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ခုနှစ်၊ သြဂုတ်လ၊ (၂၃) ရက်နေ့၊ နံနက်(၀၈၀၀) နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်းခွဲတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပါသည်။ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တပ်မတော်မှ အရာရှိအရာခံစစ်သည်များ၊ အထွေထွေအုပ်ချုပ်ရေးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား (၁၇၅)ဦးတို့ဖြင့် ကျောင်းဝန်း အတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ  လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

23-Aug-2021
2025 Ayeyarwady Division