ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ပုသိမ်မြို့တော်သန့်ရှင်းသာယာလှပစေရေး ခြုံနွယ်များရှင်းလင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးမြို့တော် ပုသိမ်မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်လျက်ရှိရာ  ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၂၀) ရက်နေ့ ၊ နံနက် (၈)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့လိုက်ပါလျှက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကကြီးကြပ်ကာ စက်အင်အား၊ လူအင်အားတို့ဖြင့် ခြုံနွယ်များရှင်းလင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပုသိမ်မြို့၊ အမှတ်(၁၃) ရပ်ကွက်၊ အဝေးပြေးယာဉ်ရပ်နားစခန်းသို့ အဓိက ဝင်ထွက်သွားလာအသုံးပြုလျှက်ရှိသော အရှည် (၃၁၅၀)ပေရှိ မဉ္ဇူလမ်းမကြီးလမ်းဘေးဝဲယာရှိခြုံနွယ်များ ရှင်းလင်းဖယ်ရှား သိမ်းဆည်းနေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ပါသည်။

ထို့နောက် ပုသိမ်မြို့တွင်းရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့၏အဓိက ရေထွက်ချောင်းတစ်ခုဖြစ်သော ငါးအောက်ချောင်း၊ အရှည် (၁၂၈၀)ပေရှိ ရေမြောင်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ ၊ Amphibious Excavator(1)စီးဖြင့် တူးဖော်ရှင်းလင်းခြင်း၊ ဗေဒါများ၊ အမှိုက်များ ဆယ်ယူရှင်းလင်း ဆောင်ရွက် နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။(၂၀.၈.၂၀၂၁) ရက်နေ့တွင် ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာ ရုံးများနှင့် ရပ်ကွက်နေအိမ်များတွင်လည်း သန့်ရှင်းရေးလုပ်ငန်းများ အသီးသီးဆောင်ရွက်ခဲ့ ကြကြောင်း သတင်းရရှိပါသည်။

20-Aug-2021
2025 Ayeyarwady Division