၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၁၃)ရက်၊ နံနက်(၀၉၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနသို့ Oxygen Concentrator အလုံး(၅၀) နှင့် အောက်စီဂျင် 40L အိုး အလုံး(၁၀၀)အား ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနသို့ လွှဲပြောင်းပေးသည့် ငွေကျပ်(၁၇၈၅)သိန်းတန်ဖိုးရှိ Oxygen Concentrator အလုံး(၁၀၀)မှ လွှဲပြောင်းရန် ကျန်ရှိသော Oxygen Concentrator အလုံး(၅၀) အား ဒုတိယအကြိမ်လွှဲပြောင်းပေးအပ်ခြင်းနှင့် ငွေကျပ်သိန်း(၃၀၀၀) တန်ဖိုးရှိ အောက်စီဂျင် 40L အိုး အလုံး(၁၀၀၀)မှ လွှဲပြောင်းရန်ကျန်ရှိသော အောက်စီဂျင် 40L အိုး အလုံး(၁၀၀)အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းထံသို့လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။