ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အား တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ၊ တိုင်းဒေသကြီးနှင့်ခရိုင် စိုက်ပျိုးရေးဌာနများ၏ လုပ်ငန်းဆိုင်ရာဆောင်ရွက်ထားရှိမှု များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌  ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၁၁) ရက်နေ့ ၊ မွန်းလွဲ(၁)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ၊ တိုင်းဒေသကြီးနှင့် ခရိုင် စိုက်ပျိုးရေးဌာနများ၏ လုပ်ငန်းဆိုင်ရာဆောင်ရွက်ချက်များအား  ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများမှစက်ရုံမှူးများ၊ တိုင်းဒေသကြီးနှင့် ခရိုင်(၆)ခရိုင်တို့မှ စိုက်ပျိုးရေးဦးစီးမှူးများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် အမှတ်(၃၂)အကြီးစားဘိလပ်မြေစက်ရုံ (ကြံခင်း)မှစက်ရုံမှူး ဦးဝင်းနိုင်၊ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)မှ စက်ရုံမှူးဦးသိန်းဇော်ဦး၊ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်)မှ စက်ရုံမှူး ဦးသက်မင်းထွန်း၊ အမှတ်(၃၆) အကြီးစားမှန်စက်ရုံ(ပုသိမ်)မှ စက်ရုံမှူးဦးကိုကြည်တို့မှ လုပ်ငန်းဆောင်ရွက်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြ ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြာရေးမှူး ဦးစိန်မောင်မြင့်နှင့် ခရိုင်(၆)ခရိုင်မှခရိုင်ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပါသည်။

အဆိုပါရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

11-Aug-2021
2025 Ayeyarwady Division