ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ပြည်ထောင်စုလွှတ်တော်နယက မန်းဝင်းခိုင်သန်းသည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ ကျင်းပပြုလုပ်သည့် မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ကြေးသွန်းရုပ်ထု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပြည်ထောင်စုလွှတ်တော်နယက မန်းဝင်းခိုင်သန်းသည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီပါတီ နာယက သူရဦးတင်ဦး၊   ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒေသခံပြည်သူများနှင့်အတူ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ ကျင်းပပြုလုပ်သည့် မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ကြေးသွန်းရုပ်ထု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကမ္ပည်းကျောက်စာအား အမွှေးနံ့သာများ ပက်ဖျန်းခဲ့သည်။

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းနှင့် အမျိုးသားဒီမိုကရေစီပါတီ နာယက သူရဦးတင်ဦးတို့မှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အထုပ္ပတ္တိနှင့်စပ်လျဉ်း၍ မြင့်မြတ်သည့်စိတ်ဓာတ်နှင့် မှတ်သားဖွယ် အမူအကျင့်ကောင်းတို့ကို ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်းရုပ်ထု ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးအုန်းဟန်မှ ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားပြီး အထိမ်းအမှတ် အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

06-Feb-2017
2025 Ayeyarwady Division