ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအားပေးကြည့်ရှု့ခြင်းနှင့် အောက်စီဂျင် ထုတ်လုပ်နေမှု ကြည့်ရှု့စစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမနှင့် အ.ထ.က(၁)တို့တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှု့အားပေးခြင်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂)ရက်နေ့ နံနက်(၁)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမသို့ရောက်ရှိပြီး ကာကွယ်ဆေးထိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ပုသိမ်မြို့ကုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး ရှိအောက်စီဂျင်ထုတ်လုပ်နေမှုနေရာသို့ရောက်ရှိခဲ့ပြီး အောက်စီဂျင် ထုတ်လုပ်ဖြန့်ဖြူးနေမှုကို ကြည်ရှု့စစ်ဆေးခဲ့ပါသည်။

ဆက်လက်ပြီး ပုသိမ်မြို့အ.ထ.က(၁)တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုး‌နေမှုကို ကြည့်ရှု့ကာ အားပေးစကားများပြောကြားခဲ့ပါသည်။ ယနေ့ကာကွယ်ဆေးထိုးနှံမှုကို ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ဈေးဝယ်စင်တာများမှဝန်ထမ်းများ၊ တက္ကသိုလ်နှင့်ပညာရေး ဌာနများမှဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များလာရောက်ထိုးနှံခဲ့ကြကြောင်း သတင်းရရှိပါသည်။

02-Aug-2021
2026 Ayeyarwady Division