ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ပုသိမ်မြို့ပေါ်ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခြင်း

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၉)ရက်နေ့ ၊ (၀၉၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် တပ်မတော်အရာရှိကြီးများ၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊  ​ကောင်စီအဖွဲ့ဝင်(၅) ရဲမှူးကြီးတင်ဇော်ထွန်း၊  ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊  တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူ ဒေါက်တာဇော်မင်းထွန်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ အထက(၁)၊ ရတနာတန်ဆောင်ခန်းမနှင့် မြို့တော် ခန်းမတွင် ပုသိမ်မြို့ပေါ်ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို လိုက်လံကြည့်ရှု အားပေးခဲ့ပါသည်။ ပုသိမ်မြို့၊ အထက(၁)၊ အထက(၄)နှင့် မြို့တော်ခန်းမတို့တွင် ပုသိမ်မြို့ပေါ်ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

 

29-Jul-2021
2025 Ayeyarwady Division