ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီး (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပခြင်း

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၀) ရက်နေ့ ၊ နံနက် (၁၀)နာရီအချိန်တွင် ဧရာဝတီတိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီရုံး၊ အစည်းအ​ဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီး(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပခဲ့ရာ တိုင်း​ဒေသကြီး (COVID-19) ထိန်းချုပ်​ရေးနှင့်အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ (COVID-19) ရောဂါကူးစက်ပြန့်ပွားမှု များပြားလာခြင်းကြောင့် (COVID-19) ရောဂါထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သံသယလူနာများထားရှိရန်အတွက် Quarantine Center များ ပြင်ဆင်ထားရှိမှု အခြေအနေများ၊ (COVID-19)ရောဂါအတည်ပြုလူနာများအား ကုသပေးနေမှု အခြေအနေများနှင့်အောက်စီဂျင်လိုအပ်ချက်များအားဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှုအခြေအနေများအား တိုင်းဒေသကြီး(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်သရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း တို့ကဆွေးနွေး တင်ပြကြပါသည်။

ထိုနောက် ​ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက (Covid-19) ​ရောဂါကာကွယ်ကုသ​ရေးလုပ်ငန်းများအား ဆွေးနွေးတင်ပြကြရာ​ ကော်မတီဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့​ကြောင်းသတင်းရရှိပါသည်။

20-Jul-2021
2026 Ayeyarwady Division