ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

COVID-19 ရောဂါကာကွယ်ကုသရေးဆိုင်ရာပစ္စည်းများနှင့် အလှူငွေများပေးအပ်ခြင်းနှင့် COVID-19 ရောဂါကုသဆောင်များအား လှည့်ကြည့်ရှုစစ်ဆေးခြင်း

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၁၀)ရက်နေ့ ၊ (၀၉၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအတွင်း ရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ဇော်မင်းထွန်း၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး၊ ကင်ဆာကုသဆောင်တွင် COVID-19 ရောဂါအတည်ပြုလူနာများ ကုသပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ဆေးရုံးကြီး အစည်းအဝေးခန်းမတွင် ကောင်စီဥက္ကဋ္ဌအဖွဲ့ဝင်များမှ COVID-19 ရောဂါကာကုသရေးဆိုင်ရာပစ္စည်းများနှင့် အလှူငွေကျပ်(၄၅) သိန်းအား ဆေးရုံအုပ်ကြီးဒေါက်တာကျော်ဇင်နှင့် တာဝန်ရှိသူများထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုသိမ်မြို့၊ တိုင်းရင်းဆေးရုံတွင် COVID-19 ရောဂါ အတည်ပြုလူနာများကို ကုသပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ပုသိမ်တက္ကသိုလ်၊ နန္ဒဆောင်တွင် COVID-19 ရောဂါ အတည်ပြုလူနာများ ထားရှိ ကုသရန်အတွက် ပြင်ဆင်ဆောင်ရွက်ရန် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများအား အဆောင်သန့်ရှင်းရေး၊ လိုအပ်သောပစ္စည်းများအား ဖြည့်တင်းရေး ပူးပေါင်းကူညီဆောင်ရွက်ကြရန် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

10-Jul-2021
2025 Ayeyarwady Division