ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သာပေါင်းစက္ကူစက်ရုံပြန်လည်လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၂၅)ရက်နေ့ ၊ (၁၅၅၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ သာပေါင်းစက္ကူစက်ရုံအား ပြန်လည် လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)မှ တာဝန်ရှိသူများနှင့် ညောင်တုန်းရေနံမြေနှင့် သဘာဝဓါတ်ငွေ့မြေမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။ အစည်းအဝေးတွင် စက်ရုံပြန်လည်ပြင်ဆင်ဆောင်ရွက်မည့်ကိစ္စများ၊ စက်ရုံပြန်လည် လည်ပတ်ရန်အတွက် Gas  ရရှိအောင်ဆောင်ရွက်ရမည့်ကိစ္စများ၊ ကုန်ကြမ်းရရှိအောင် ဆောင်ရွက်မည့် အစီအစဉ်များအား တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြရာ ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိပါသည်။  

25-Jun-2021
2025 Ayeyarwady Division