ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

အမျိုးသားမြေအသုံးချမှုကောင်စီ ပထမအကြိမ်အစည်းအဝေးသို့ Video Conferencing ဖြင့် တက်ရောက်ခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၁)ရက်နေ့၊ (၁၃၃၀)နာရီအချိန်တွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ရုံးအမှတ်(၃၉)၊ အင်ကြင်းခန်းမ၊  နေပြည်တော်တွင် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ ကျင်းပပြုလုပ်သည့် အမျိုးသားမြေအသုံးချမှုကောင်စီ  ပထမအကြိမ်အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့်ကော်မတီဝင်များသည် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)မှ Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အမျိုးသားမြေအသုံးချမူဝါဒ လမ်းညွှန်ချက်များနှင့်အညီ တိုင်းဒေသကြီးအတွင်း ခရိုင်နှင့်မြို့နယ်များ၌ မြေအသုံးချမှုကော်မတီများဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊ အမျိုးသားမြေအသုံးချမှုမူဝါဒပါ လမ်းညွှန်ချက်များအား အသုံးပြု၍ မြေယာစီမံခန့်ခွဲခြင်းကို လက်ရှိဖွဲ့စည်း ဆောင်ရွက်လျက်ရှိသော အစိုးရဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်ကော်မတီများက တာဝန်ယူဆောင်ရွက်နေကြသည့် မြေအသုံးချမှုနှင့် မြေယာစီမံခန့်ခွဲမှု ဆိုင်ရာလုပ်ငန်းများအား တိုင်းကော်မတီမှ စောင့်ကြပ်ကြည့်ရှုခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း၊ စီမံခန့်ခွဲခြင်း အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

11-Jun-2021
2025 Ayeyarwady Division