ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၆)ခရိုင်၊ အသက်(၂၅)နှစ်နှင့်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားတက်ရောက်ခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၇)ရက်နေ့ ၊ (၁၅၃၀)အချိန်တွင် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား၊ (၆)ခရိုင်၊ အသက်(၂၅)နှစ်နှင့်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။ ဗိုလ်လုပွဲတွင် ပုသိမ်ခရိုင်အသင်းနှင့် ဟင်္သာတခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ကြရာ ပုသိမ်ခရိုင်အသင်းမှ (၃-၀)ဖြင့် အနိုင်ရခဲ့ပြီး ဒုတိယဆုရရှိသည့် ဟင်္သာတခရိုင်မှ အားကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုများကို ကောင်စီအဖွဲ့ဝင်(၅) တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်းနှင့် ကောင်စီအဖွဲ့ဝင်(၄) ဦးမောင်မောင်သန်း မှလည်းကောင်း၊ ပထမဆုရရှိသော ပုသိမ်ခရိုင်မှ အားကစားသမားများအား တစ်ဦးချင်းဆု နှင့်ငွေသားဆုများကို ကောင်စီအဖွဲ့ဝင်(၃) ဦးအုန်းမြင့်နှင့် ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်းမှလည်းကောင်း၊ နေရာအလိုက် အကောင်းဆုံး အားကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုများကို ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ လည်းကောင်း၊ ပထမဆုရရှိသော ပုသိမ်ခရိုင်အသင်းအား ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ တံခွန်စိုက်ဆုဖလားချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

07-Jun-2021
2025 Ayeyarwady Division