ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေး (၅/၂၀၂၁) ကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၄)ရက်နေ့ ၊ (၀၉၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေး (၅/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တိုင်းဒေသကြီးမြေ/စစ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)၊ (၂/၂၀၂၁)၊ (၃/၂၀၂၁)၊ (၄/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် နောက်ဆုံးဆောင်ရွက်ထားရှိမှုအခြေအနေများအား ခရိုင်/မြို့နယ် မြေ/စစ်ကော်မတီများမှ တင်ပြဆွေးနွေးခဲ့ပြီး ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

04-Jun-2021
2025 Ayeyarwady Division