ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကျင်းပခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၃)ရက်နေ့ ၊ (၁၃၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်း(၁)တွင် ကျင်းပပြုလုပ်သည့်  ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းများတွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အမှာစကားပြောကြားခဲ့ကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အဆောက်အဦသည် အသစ်ဖြစ်၍ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် သန့်ရှင်းရေးအား အထူးအလေးထား ဆောင်ရွက်ကြရန်မှာကြားခဲ့ကာ လွှတ်တော်ပင်မအဆောက်အဦအသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

03-Jun-2021
2025 Ayeyarwady Division