ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်/မြို့ စည်ပင်သာရေးအဖွဲ့များ၏ (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ မေလ၊ (၁၇)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်၌ ပုသိမ်မြို့၊ မြို့တော် ခန်းမတွင်ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်/ မြို့စည်ပင်သာရေးအဖွဲ့များ၏ (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး၊ ခရိုင်/မြို့နယ်/မြို့ အဆင့် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့် တာဝန်ခံအင်ဂျင်နီယာများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အမှာစကားပြော ကြားခဲ့ကာ အစည်းအဝေးပထမပိုင်းအား ခေတ္တရပ်နားခဲ့ပါသည်။ အစည်းအဝေးဒုတိယပိုင်းတွင် ကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးမှ လုပ်ငန်းဆောင်ရွက်မှု(တိုင်းချုပ်)အား ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်/မြို့ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိများမှ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ကောင်စီအဖွဲ့ဝင်(၁)မှ မြို့နယ်/မြို့စည်ပင်သာယာရေးအဖွဲ့များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

17-May-2021
2025 Ayeyarwady Division