ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ပုသိမ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၆)အခြေခံပညာမူလတန်း ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း

ဧရာဝတီတိုင်းဒေသကြီးအတွင်းအခြေခံပညာကျောင်းများ သက်မှတ်ကာလအတွင်း အဆင်ပြေချောမွေ့စွာ အချိန်မီဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မေလ၊ (၁၅)ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်း ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပါသည်။ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ရာတွင် တပ်မတော်မှအရာရှိအရာခံစစ်သည်များ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်စုစုပေါင်း အင်အား(၂၀၀)ဦးတို့ဖြင့် ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းခန်းများအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်အရာရှိကြီးများ၊ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

30-Nov--0001
2025 Ayeyarwady Division