ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ပုသိမ်မြို့၊ အောင်သပြေဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ အထက်တန်းကျောင်းခွဲနှင့် မရမ်းချိုကျောင်းတိုက်တွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားများ ကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ မေလ၊ (၁၀)ရက်နေ့ ၊ (၁၃၁၅)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက်  ပုသိမ်မြို့၊ အောင်သပြေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ အထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်သည့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သင်တန်းသား/ သင်တန်းသူဦးရေ(၅၀)ဦးအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ Mask နှင့် Hand Gel များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၆၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနား သို့တက်ရောက်ခဲ့ပြီး သင်တန်းတက်ရောက်လျက်ရှိသော ဝန်ထမ်း(၅၀)ဦးအား ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

10-May-2021
2025 Ayeyarwady Division