ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ပြည်တွင်းဓာတ်ငွေ့မှလျှပ်စစ်စွမ်းအားစီမံကိန်း (Domestic Gas to Power Project) အား ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီသို့ ရှင်းလင်းတင်ပြခြင်း

၂၀၂၁ ခုနှစ်၊ မေလ၊ (၁၀)ရက်နေ့ ၊ (၁၀၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌  မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် PTTEPI ကုမ္ပဏီတို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ် မြို့နယ်များတွင်ဆောင်ရွက်မည့် ပြည်တွင်းဓာတ်ငွေ့မှ လျှပ်စစ်စွမ်းအားစီမံကိန်း (Domestic Gas to Power Project) နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့်အစည်းအဝေးသို့  ဧရာဝတီ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် PTTEPI ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆောင်ရွက်မည့်လုပ်ငန်း အသေးစိတ်အား ရှင်းလင်းတင်ပြရာ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် ကောင်စီအတွင်းရေးမှူး တို့မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

10-May-2021
2025 Ayeyarwady Division