ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး(၉)ထပ် တိုးချဲ့ဆောင်ဆောက်လုပ်ခြင်းနှင့် ဆေးရုံဖွင့်လှစ် ကုသနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း

၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၂)ရက်နေ့ ၊ နံနက်(၁၁၁၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး(၉)ထပ် တိုးချဲ့ဆောင် ဆောက်လုပ်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုခဲ့ပြီး  အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၅)၊ တာဝန်ခံ ညွှန်ကြားရေးမှူးမှ ဆေးရုံဆောက်လုပ်ပြီးစီးမှု အခြေအနေများအားရှင်းလင်းတင်ပြခဲ့မှုအပေါ် လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ပြီး ဆေးရုံဆောက်လုပ်နေမှုအခြေအနေများနှင့် ဆေးရုံအနောက်ဘက်ခြမ်းရှိ မြေထိမ်းနံရံဆောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ ဆေးရုံ ခုတင်(၅၀၀) ဖွင့်လှစ်ကုသနေမှု၊ လူနာများဆေးကုသခံယူနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။

02-Apr-2021
2025 Ayeyarwady Division