ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

၂၀၂၁ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းပွဲနှင့် ၂၀၂၀ပြည့်နှစ်၊ ဘွဲ့ခံဆရာတော်များအား တိုင်းဒေသကြီးအဆင့် ထပ်ဆင့်ချီးကျူးဂုဏ်ပြုပွဲ အခမ်းအနားဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ မတ်လ၊ (၂၂)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁) တွင်ကျင်းပပြုလုပ်သည့် ၂၀၂၁ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းပွဲနှင့် ၂၀၂၀ပြည့်နှစ်၊ ဘွဲ့ခံဆရာတော်များအား တိုင်းဒေသကြီးအဆင့် ထပ်ဆင့်ချီးကျူးဂုဏ်ပြုပွဲအခမ်းအနားဖြစ်မြောက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့  တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တက်ရောက်လာသောပုဂ္ဂိုလ်များမှ ဆွေးနွေးတင်ပြခဲ့ရာ တိုင်းကောင်စီဥက္ကဌမှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

22-Mar-2021
2025 Ayeyarwady Division