ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ပုသိမ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များကို လှူဖွယ်များလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့် သည် တာဝန်ရှိသူများနှင့်အတူ (၁၀.၂.၂၀၂၁)ရက်နေ့က ပုသိမ်မြို့ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပမည့် ပြည်ထောင်စုကွင်းသို့ ရောက်ရှိလာပြီး အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်သည် တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မရမ်းချိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောဘိတ၊ မြောင်းမြကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတာဘိဝံသ၊ ဇေယျဝံသ(ရေတွင်းကုန်း) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏောဘာသ ဆရာတော်ကြီးများကို သွားရောက်ဖူးမြော်ကြည်ညိုကာ သာသနာရေးကိစ္စရပ်များကို လျှောက်ထားပြီး လှူဖွယ်များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

10-Feb-2021
2025 Ayeyarwady Division