ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ခဲ့ရသော အိမ်ထောင်စုဝင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်မှ အားပေးစကားပြောကြား၍ ထောက်ပံငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၈)ရက်နေ့ မွန်းလွဲပိုင်းအချိန် တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်သို့ သွားရောက်ခဲ့ပြီး ဧရာဝတီ မြစ်ရေမြှင့်တက်မှုနှင့် မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပြိုကျမှုဖြစ်ပေါ်ခဲ့ပြီး ပြောင်းရွေ့ခဲ့ရ သောအိမ်ထောင်စုများအား ရေပေါ်ကြီးကျေးရွာအုပ်စု၊ဒေါင့်ကြီးကျေးရွာရှိ ရတနာသိင်္ဂီဘုန်းတော်ကြီးကျောင်း၌ သွားရောက်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများက အားပေးစကားများ ပြောကြားခဲ့ကာ ပန်းတနော်မြို့နယ်၊ ရောပေါ်ကြီးကျေးရွာအုပ်စုနှင့် ကဿဝင်ကျေးရွာအုပ်စုတို့အတွင်း ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၄ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေအထိ မြစ်ကမ်းပါး ပြိုကျမှုကြောင့် ပြောင်းရွေ့ခဲ့ရသည့် အိမ်ထောင်စု(၃၄)စုအတွက် အိမ်ထောင်စုတစ်စုလျှင် (၅၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း ၁၇ သိန်းကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ (အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြပါသည်)

မြစ်ကမ်းပြိုမှုကြောင့် ပြောင်းရွေ့ခဲ့ရသည့်နေအိမ်များတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အိမ်ထောင်စု (၃၂) စုမှ လူဦးရေ (၁၇၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၂၀၀၀၀၀) ကျပ်၊ (၇) ရက်စာ ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၃၆၇၅၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး စုစုပေါင်း (၃၅၆၇၅၀၀) ကျပ်အား၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၇ ရက်နေ့မှာ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့​ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများဖြင့်တွေ့ဆုံခဲ့ပြီး၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၇ ရက် နေ့တွင် ပန်းတနော်မြို့၊ CB ဘဏ်အတွင်း လုယက်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများမှ power point ဖြင့် အသေးစိပ်ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုံခြုံရေးတိုးချဲ့ဆောင်ရွက်ရန်ကိစ္စများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား အသေးစိပ်လမ်းညွှန်မှာကြားခဲ့​ပါသည်။

30-Nov--0001
2025 Ayeyarwady Division