Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ရေး၊ စောင့်ကြပ်ကြည့်ရှုရေးနှင့် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် သုံးစွဲရန်အတွက် ငွေကြေးနှင့် ကာကွယ်ကုသရေးပစ္စည်းများ လိုအပ်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းများကို အထောက်အပံ့ဖြစ်စေရေးအတွက် လိုအပ်သော ငွေကြေးနှင့် ကာကွယ်ကုသရေးပစ္စည်းများလှူဒါန်းနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဌေးဝင်း ဥက္ကဋ္ဌအဖြစ် ပါဝင်သော ဘဏ္ဍာငွေရှာဖွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီအား စနစ်တကျဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါသည်။
သို့ဖြစ်ပါ၍ ကြိုတင်ကာကွယ်ရေး၊ စောင့်ကြပ်ကြည့်ရှုရေးနှင့် ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ငွေကြေးနှင့်ကာကွယ်ကုသရေးပစ္စည်းများ လှူဒါန်း လိုပါက အောက်ပါ Bank Account နှင့် ပုဂ္ဂိုလ်များထံသို့ ဆက်သွယ်လှူဒါန်း နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်-
ထည့်ဝင်လှူဒါန်းနိုင်သည့်ဘဏ် - ကမ္ဘောဇဘဏ် (၁)၊ ပုသိမ်ဘဏ်ခွဲ (ကိုးသိန်းရဲစခန်းအနီး)
Bank Account No - 03330202106010203
ဦးဌေးဝင်း ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့
၀၉၄၅၉၀၁၇၀၀၅
ဦးသန်းဆွေဝင်း၊ အတွင်းရေးမှူး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့
၀၉၅၂၀၀၀၇၃
ဦးထူးလွင်၊ ညွှန်ကြားရေးမှူး
ဧရာဝတီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
၀၉၂၅၀၁၃၄၇၀၀